ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သုံးရက်ကြာ ကျင်းပနေ

0
288

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တောင်ငူမြို့ ပညာရေးကောလိပ်က မြတ်ပညာခန်းမမှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာပါ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရဲ့ ပထမနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ဆိုင်တဲ့ စာတမ်းဖတ်ဆွေးနွေးပြီး ဒီကနေ့ ဒုတိယမြောက်နေ့မှာတော့ တောင်ငူ၊ ပဲခူး၊ ပြည်၊ သာယာဝတီ ခရိုင်တွေက ကိုယ်စားလှယ်တွေ၊ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်နဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေက မြေယာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းနဲ့ပတ်ကသ်ပြီး ဆွေးနွေးပြောဆိုတာ၊ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီကနေ့ အခမ်းအနားကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက အမှာစကား တက်ရောက်ပြောကြားခဲ့ပါတယ်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)