ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံ

0
296

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP ဥက္ကဋ္ဌ Ms.NancyLindborg ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့ နေ့လယ် ၁ နာရီက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေဆုံရာမှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်လွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ကော်မတီအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်နဲ့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)