ဖက်ဒရယ်နိုင်ငံများမှ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဆွေးနွေးပွဲ မတ်လ ၂ ရက်နေ့ ကျင်းပမယ်

0
301

စာရေးဆရာ ဦးဇေယျသူနဲ့ နိုင်ငံတကာက ပညာရှင်တွေ ပါဝင်ဆွေးနွေးမယ့် “ဖက်ဒရယ်နိုင်ငံများမှ အတွေ့အကြုံများနှင့် သင်ခန်းစာများ” ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့မှာ ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Best Western Green Hill Hoterl မှာ ကျင်းပသွားမှာပါ။

အဲဒီဆွေးနွေးပွဲမှာ ဦးဇေယျသူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဆွစ်ဇာလန် အထက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Hans Altherr၊ ဘရာဇီးလ် သမ္မတ၏ နိုင်ငံတကာ အကြံပေးဟောင်း Ana Carolina Lorena၊ သြစတေးလျရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း Roger Wilkins၊ နိုင်ဂျီးရီးယား နိုင်ငံ အီဒိုပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး Julius Ihonvbere၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ကနေဒါနိုင်ငံမှ စွန့်ဦး တီထွင်သူနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ Salma Siddiqui တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)