ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဒုဝန်ကြီးချုပ် တို့ တွေ့ဆုံ

0
401

ဒုတိယသမ္မတဦးမြင့်ဆွေဟာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E.Mr. HOR Namhong နှင့် အဖွဲ့ကို ဒီကနေ့ မနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာလက်ခံ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးကြပါတယ်။

ဒါ့အပြင်၊ မြန်မာနိုင်ငံရှိ မန္တလေး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ ကမ္ဘောဒီးယားရှိ အန်ကောဝပ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့ အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးဝင်းမော်ထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)