လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သတိပေး ထုတ်ပြန်

0
273

မြန်မာနိုင်ငံမှာ အခုနှစ် မတ်၊ ဧပြီနဲ့ မေလတွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ပြီးဖြစ်လာနိုင်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ သက်သာဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လေဘေးကြိုတင်ပြင်ဆင်ရေး သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ လေပြင်းတိုက်မယ့်ကာလကို မရောက်ခင်မှာ နေအိမ်အဆောက်အဦး ကြံ့ခိုင်မှုကို စစ်ဆေးတာ၊ မြေဝင်အိမ်တိုင်တွေ စစ်ဆေးတာ၊ အိမ်အတွဲအဆက်လုပ်ထားတဲ့ နေရာတွေအားလုံးကို မူလီကျပ်တာ၊ သံမှိုရိုက်တာတွေ လုပ်တာ၊ အိမ်အမိုးပြန်ဖာတာ၊ အိမ်အကာအရံတွေ ပြန်ပြင်တာ၊ အိမ်အနီးက ကျိုးကျနိုင်တဲ့ သစ်ပင်၊ သစ်ကိုင်းတွေ ခုတ်ထွင်တာတွေ လုပ်ဖို့ တိုက်တွန်းထားတာပါ။

ဒါ့အပြင် လေပြင်းတိုက်တာ၊ မိုးသည်းထန်စွာရွာ၊ မိုးကြိုးပစ်တာတွေ ကြုံလာရင်လည်း လယ်ကွင်း၊ ကွင်းပြင်တွေထဲ မနေဘဲ အိမ်ထဲမှာပဲ နေပြီး မဖြစ်မနေဘဲ ထွက်ရမယ်ဆိုရင်လည်း ဦးထုပ်ဆောင်းပြီး အဝတ်ထူထူ ဝတ်ဆင်ဖို့၊ လျှပ်စီးလက်နေချိန်၊ မိုးရွာ/ခြိမ်းနေချိန်မှာ တယ်လီဖုန်းတွေမသုံးဖို့၊ နေအိမ်အတွင်းမှာ နေရင်လည်း တီဗီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနဲ့ ကွန်ပျူတာစတဲ့ လျှပ်စစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ မသုံးဖို့၊ သစ်ပင်၊ ဓာတ်တိုင်နဲ့ သံ/သတ္တုပစ္စည်းတွေ အနီးမှာ မနေဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ လေပြင်းဘေးအပြင် အခြားသဘာဝဘေးအန္တရာယ် ကြုံတွေ့ရင် ၀၆၇ ၄၀၄၆၆၆၊ ၄၀၄ ၇၇၇၊ ၄၀၄ ၂၂၂ တို့ကို ဆက်သွယ်နိုင်တယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)