တကသ အဆောက်အအုံနေရာမှာ ဆောက်လုပ်နေမှုတွေကို ခေတ္တရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံ

0
318

ယခင် တ.က.သ အဆောက်အအုံနေရာမှာ ဆောက်လုပ်ဆောင်ရွက်နေမှုတွေကို ခေတ္တရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ဒီကနေ့ နေ့စွဲနဲ့ တ.က.သ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းက တ.က.သ အဆောက်အအုံနေရာမှာ ယာယီအဆောက်အအုံတစ်ခု ဆောက်လုပ်နေတဲ့အတွက် အခုလို မေတ္တာရပ်ခံလိုက်တာပါ။

လက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံနှံနေတဲ့ ယခင် တ.က.သ အဆောက်အအုံ ပြန်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့အစည်း အသီးသီင်္းနဲ့ တွေဆုံညှိနိုင်းမှုတွေ ပြုလုပ်နေစဉ်မှာပဲ ကျောင်းသားထု အတွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ လတ်တလော လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တ.က.သ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ဆွေးနွေးပွဲမှာ ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ လူမှုအဖွဲ့အစည်း ကိုမြအေးကို MCN သတင်းဌာနက သီးခြားဆက်သွယ်မေးမြန်းရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အချင်းချင်းနားလည်မှုလွဲသွားတဲ့အခြေအနေတစ်ခုပါ၊ ဘာမှပြသနာမဖြစ်ပါဘူး၊ အဓိကကတော့ ကျောင်းသားအဖွဲ့တွေကြားမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတွေ့ ကြရသေးတဲ့အခါကျတော့ နားလည်မှုလွဲနေတဲ့သဘောပါ။ ကျွန်တော်တို့အနေနဲ့ မနက်ဖန်မနက် ၁၀ နာရီမှာ တ.က.သအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသားအဖွဲ့အစည်းတွေအားလုံး တော်ဝင်နှင်းဆီခန်းမမှာ အစည်းဝေးလုပ်မှာဖြစ်ပါတယ်။ အဲဒီမှာ အားလုံး နားလည်မှုတွေရသွားကြမှာပါ။ လို့ပြောကြားပါတယ်။ လက်ရှိမှာတော့ မနေ့ကဆောက်လုပ်နေတဲ့ ယာယီအဆောက်အဦးဆောက်လုပ်မှုတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)