မြန်မာနိုင်ငံ လူ့အခွင့်အရေး စစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂကို အထူးကိုယ်စားလှယ်ဟောင်း တိုက်တွန်း

0
318

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ကိဟာပါက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကိဟာပါဟာ သမ္မတ အိုဘားမားလက်ထက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၄ ကနေ အခုနှစ် ဇန်နဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြောက်ကိုရီးယားနဲ့ အီရီထရီးယားနိုင်ငံတွေအတွက် အဲဒီလို ကော်မရှင်တွေ ဖွဲ့စည်းထားပြီး အခု မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့ရဲ့ ကမ္ဘာအသိအမှတ်ပြု ဂုဏ်သိက္ခာကြောင့် လျှော်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ကိဟာပါက ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးကောင်စီဟာ ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး မြန်မာနိုင်ငံအရေး သုံးပတ်ကြာ ဆွေးနွေးမှုတွေ လုပ်ဖွယ် ရှိပါတယ်။ ကိဟာပါကတော့ အဲဒီလို ဆွေးနွေးမှုတွေအပြင် မြန်မာ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အပြည့်အဝ စုံစမ်းမှုလုပ်ဖို့ ညွှန်ကြားသင့်တယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)