နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ တို့ တွေ့ဆုံ

0
306

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (USIP) အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးကာ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက် ဒီကနေ့မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ၀န်ကြီးရဲ့ဧည့်ခန်းမမှာ ပြုလုပ်ခဲ့ကြတာပါ။

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (USIP- United States Institute of Peace) ဥက္ကဋ္ဌ Ms. Nancy Lindborg ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံကြစဉ်မှာ အခုလိုဆွေးနွေးမှုတွေ၊ အမြင်ချင်းဖလှယ်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)