ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ မတ်လ ၁ ရက်ကနေ ၆ ရက်နေ့ထိ ရေပြတ်မယ်

0
313

ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ မတ် ၁ ရက် မနက် ၆ နာရီမှ မတ်လ ၆ ရက် ည ၈ နာရီအထိ ရေပြတ်တောက်မှုနဲ့ ရေအားလျော့နည်းမှာဖြစ်တယ်လို့ သက်ဆိုင်ရာက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကြေညာထားပါတယ်။

အဲဒီရေပြတ်တောက်မှုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် ဝါးဒလယ် ကွန်ကရစ် ရေတံလျှောက်အထွက်မြောင်းကြံ့ခိုင်မှု ဆောင်ရွက်မှာဖြစ်တာကြောင့် အခုလိုရေခေတ္တပြတ်တောက်မှာပါ။

လက်ရှိမှာ ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေပေးဝေလျက်ရှိတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်း ကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ ရေပြတ်တောက်မှုဖြစ်မှာပါ။

ဒါ့အပြင် ရေကြိုတင်စုဆောင်းဖို့အခက်အခဲရှိပြီး ရေလိုအပ်ချက်ရှိပါက အရှေ့ပိုင်းခရိုင်ဝ၉-၅၁၈၈၄၂၈၊ အနောက်ပိုင်းခရိုင်ဖုန်း ဝ၉-၇၃ဝဝဝဝ၅၈၊ တောင်ပိုင်း ခရိုင်ဖုန်း ဝ၉-၅ဝ၅၄၅၆၅၊ မြောက်ပိုင်းခရိုင်ဖုန်း ဝ၉-၅ဝ၈၁၂၂၉တို့ ကို ဆက်သွယ်တောင်းခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)