တစ်ဘက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူ ကိုးဦး ဖမ်းဆီးရမိ

0
323

ဖေဖော်ဝါရီ ၂၅ ရက် ည ၉ နာရီက ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) ရပ်ကွက် ဆီးဂဲလ်ဂိတ်အနီး တစ်ဖက်နိုင်ငံ မှ တရားမဝင် ဝင်ရောက်လာသူ ကိုးဦ်းကို မြဝတီမြို့မရဲစခန်းက ဖမ်းဆီးလိုက်တာပါ။

အဲဒီတရားမဝင် ဝင်ရောက်လာသူတွေဟာ ကျော်နိုင်(ခ)စာစီကာဖူး (၂၆ နှစ်) ကူရ်မီးတိုလာကျေးရွာ အမဲခေါင်ကျေးရွာအုပ်စု ဖြူးမြို့နယ် ပဲခူး၊ ဆူရေဒါး ကုမာ(၂၇နှစ်) အမဲခေါင်ကျေးရွာအုပ်စု ဖြူးမြို့နယ် ၊ ချစ်ရင်ထူး (ခ)ဂျီဘား(၂၇နှစ်) ရန်ကင်းလမ်း လိပ်အင်း ရပ်ကွက် သထုံမြို့ ၊ တင်မောင် လတ်(ခ)ကူးမား (၃ဝနှစ်)ဒိုင်းဝန်ကွင်း လှိုင်ရပ်ကွက် မော်လမြိုင်မြို့ မင်းနိုင်(ခ)နားကားရား (၃၅နှစ်) သံလယ်ကျေးရွာ ကော့ပန်း ကုန်းကျေးရွာအုပ်စု ဘားအံမြို့ နယ် ၊ မောင်စိုး(ခ)မောင်ကာလီ (၂၉ နှစ်) အနောက်ကျေးရွာအုပ်စု ဘားအံမြို့နယ်၊ မမန်ချူးလား(၃၃နှစ်) ဘူတာရုံလမ်း (၁၁)ရပ်ကွက် ရန်ကင်းမြို့နယ် ရန်ကုန် တိုင်းဒေသကြီး၊ မသက်သက်ခိုင်(၂ဝ နှစ်) သဲကုန်းကျေးရွာ ပေါင်မြို့နယ် ၊ မမြင့်မော်(ခ)မဂဒါးနီ(၃ဝနှစ်) ယင်းငြိမ်ကျေးရွာ ပေါင်မြို့နယ် မွန် ဖြစ်ကြပါတယ်။

အဲဒီလူတွေကို မြဝတီမြို့နယ် လဝကရုံး ကိုဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီ မှာလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)