ထားဝယ်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ရှစ်ထောင်ကျော် ဖမ်းဆီးရမိ

0
385

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ရှစ်ထောင်ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးရမိလိုက်ပါတယ်။

အဲဒီဆေးပြားတွေကို ဖေဖော်ဝါရီ ၂၄ ရက်က ရေဖြူမြို့ မှ ထားဝယ်မြို့ဘက်ကို ယာဉ်မောင်း အောင်မြတ်သူ မောင်းနှင်ပြီး ကျော်နိုင်၊ ဒေါ်ခင်ဆွေဝင်းတို့ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ် အတွင်း ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝ နဲ့ ၁၁ ပြား၊ ဆင်းကတ်ပါ Samsaung အမျိုးအစား ဖုန်းနှစ်လုံးနဲ့ ငွေစက္ကူ ၃၆ဝဝဝ တို့ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒါ့အပြင် ဖမ်းမိသူတွေရဲ့ဖော်ထုတ်ချက်အရ အောင်ဘိုဘိုထွန်းမှ ယခုမူးယစ်ဆေးဝါးတွေကို လာရောက်ယူမှာကို သိရှိရပြီး အောင်ဘိုဘိုထွန်း ကိုင်ဆောင်သော ဟန်းဖုန်းကို ဆက်သွယ်ပြီး ထပ်မံဖမ်းဆီးရာ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၄ နာရီမှာ ထားဝယ်မြို့ အဝေးပြေးကားဝင်းမှာ ဆင်းကတ်ပါ ဟန်းဖုန်းတစ်လုံး၊ ငွေစက္ကူ ၃၄၁ဝဝဝ နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)