ပျဉ်းမနားမြို့မ ရဲစခန်းမှာ ဗုံးသီးအဟောင်းတွေ တွေ့ရှိ

0
264

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပျဉ်းမနားမြို့မရဲစခန်းမှာ ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ညနေပိုင်းမှာ အဆောက်အဦ သစ်ဆောက်လုပ်ဖို့ မြေကြီးတူးဖော်ရာကနေ ဗုံးသီးအဟောင်းတွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ပျဉ်းမနားမြို့မရဲစခန်းမှာ အဆောက်အဦ သစ်ဆောက်လုပ်ဖို့ မြေကြီးတူးဖော်ရာမှာ အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၆ လက်မ၊ အချင်း ၁ ဒသမ ၈ လက်မရှိ ၄၀ မမ လေယာဉ်ပစ်ဗုံးသီး(ခွင်း) ၁၆ လုံးအား တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

နယ်မြေခံတပ်ကို အကြောင်းကြားခဲ့ပြီး နယ်မြေခံစစ်အင်ဂျင်နီယာတပ်က သွားရောက်ကြည့်ရှု့သိမ်းဆည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီစနစ်တကျ ဖျက်ဆီးသွားမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)