
0
2037




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိမ်သုံးလျှပ်စစ်မီတာတွေရဲ့ ဈေးနှုန်း လျှော့ချပေးတော့မယ်

လာမယ့်ဘဏ္ဍာရေးနှစ်မှာ အိမ်သုံးလျှပ်စစ်မီတာတွေရဲ့ ဈေးနှုန်းကို စိစစ်လျှော့ချပေးတော့မယ်လို့ အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဈေးပြိုင်စနစ်ကို အသုံးပြုပြီး နည်းပညာ၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့ လျှပ်စစ်မီတာတွေကို ဝယ်ယူအသုံးပြုနိုင်ဖို့ ဝန်ကြီးဌာန အနေနဲ့ စီစဉ်ထားတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)