အာဆီယံ-အိႏၵိယ ကုန္သြယ္မႈအတြက္ ျမန္မာႏိုင္ငံက အခြင့္အလမ္းေတြကို ဖြင့္လွစ္ေပး သြားမယ္

0
2070

အာဆီယံ-အိႏၵိယ ကုန္သြယ္မႈအတြက္ ျမန္မာႏိုင္ငံက အခြင့္အလမ္းေတြကို ဖြင့္လွစ္ေပး သြားမယ္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၂၆ ရက္ေန႔က အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕မွာက်င္းပတဲ့ အာဆီယံ-အိႏၵိယ ေဆြးေႏြးဖက္ဆက္ဆံေရး (၂၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ မ်က္ႏွာစံုညီ ထိပ္သီးအစည္းအေ၀းမွာ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာ မွာေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ အိႏၵိယနဲ႔ အာဆီယံႏိုင္ငံေတြ ခ်ိတ္ဆက္ေရးအတြက္ အေျခခံ အေဆာက္အအံု ေတြထဲက သီလ၀ါ စီးပြားေရးဇုန္၊ ထား၀ယ္နဲ႔ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းေတြမွာ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ကိုလည္း ဖိတ္ေခၚခဲ့တာပါ။

ဒါ့အျပင္ အိႏၵိယနဲ႔ အာဆီယံႏိုင္ငံေတြ ခ်ိတ္ဆက္ေရးမွာ အဓိကက်တဲ့ ထိုင္း-ျမန္မာ-အိႏၵိယ သံုးႏိုင္ငံ အေ၀းေျပးလမ္းမ စီမံကိန္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ အေနာက္ ေျမာက္ပိုင္းနဲ႔ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတို႔ကို ခ်ိတ္ဆက္မယ့္ ကုလားတန္ျဖတ္သန္းပို႔ေဆာင္ေရး စီမံကိန္းေတြကိုပါ ခြင့္ျပဳေပးသြားမယ္လို႔လည္း ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုအတွက် မြန်မာနိုင်ငံက အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေး သွားမယ်

အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုအတွက် မြန်မာနိုင်ငံက အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေး သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာ မှာတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ ချိတ်ဆက်ရေးအတွက် အခြေခံ အဆောက်အအုံ တွေထဲက သီလဝါ စီးပွားရေးဇုန်၊ ထားဝယ်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တာပါ။

ဒါ့အပြင် အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ ချိတ်ဆက်ရေးမှာ အဓိကကျတဲ့ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းနဲ့ မြန်မာနိုင်ငံရဲ့ အနောက် မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့ကို ချိတ်ဆက်မယ့် ကုလားတန်ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်းတွေကိုပါ ခွင့်ပြုပေးသွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)