
0
2417




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေလီကြေညာချက် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမယ်

ဒေလီကြေညာချက်ဟာ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးအတွက် မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အာဆီယံ-အိန္ဒိယ ဆက်ဆံရေး မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေးကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)