ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ အထိ ကြည့်ရှုစစ်ဆေးနိုင်

0
436

ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်ကြာအောင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကပ်သွားမှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေ မဲစာရင်းလာကြည့်ရှုကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းထဲမှာ ကိုယ့်နာမည်မပါရင် ပုံစံ(၃)နဲ့ နဲ့ နာမည်ထည့်သွင်ပေးဖို့ တောင်းဆိုနိုင်ပြီး မပါသင့်သူတွေ စာရင်းထဲပါနေရင်လည်း ပုံစံ(၄)နဲ့ ကန့်ကွက်နိုင်သလို မဲစာရင်းမှာပါတဲ့ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်တာ၊ ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ဖို့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ လျှောက်လွှာတွေ အခမဲ့ တောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်ပြီးမှသာ မတ်လ ၁၇ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ကြေညာသွားမှာဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကပ်မယ့် အခြေခံမဲဆန္ဒရှင်စာရင်းကို မပျက်မကွက် လာရောက်ကြည့်ရှုဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)