တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အစားထိုးပြောင်းလဲ

0
305

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကော်မရှင်က ဇန်နဝါရီ ၂၆ ရက်နေ့မှာ အစားထိုး ပြောင်းလဲလိုက်ပါတယ်။

အခု အစားထိုးဖယ်ရှားခံလိုက်ရတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းသွင်းခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

အစားထိုးလိုက် နှစ်ဦးကတော့ ဗိုလ်မှူး တင်အောင်မိုးအစား ဗိုလ်မှူးကြီး သန်းဌေးနဲ့ ဗိုလ်ကြီး မင်းမင်းသိန်းအစား ဗိုလ်မှူးကြီး အုန်းချိုတို့ပဲ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)