တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးကို အစားထိုးပြောင်းလဲ

0
326

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၆ ရက်နေ့မှာ အစားထိုး ပြောင်းလဲလိုက်ပါတယ်။

အခု အစားထိုးဖယ်ရှားခံလိုက်ရတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းသွင်းခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

အစားထိုးလိုက် ငါးဦးကတော့ ဗိုလ်မှူး တင့်လွင်စိုး အစား ဗိုလ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူး အေးမင်းစိုးအစား ဗိုလ်မှူးကြီး နေလင်း၊ ဗိုလ်မှူး သီဟဇော်အစား ဗိုလ်မှူးကြီး မြင့်ချို၊ ဗိုလ်မှူး ကျော်သူရအစား ဗိုလ်မှူးကြီး ကြည်ရွှေနဲ့ ဗိုလ်မှူး နေလင်းအောင်အစား ဗိုလ်မှူးကြီး ခင်မောင်ချိုတို့ပဲ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)