တေးသံရှင်လေးဦး ပါဝင်သီဆိုထားတဲ့ ကောင်းခြင်းခုသည်ချိန်ခါ ရွှေမင်္ဂလာတေးများ တေးစီးရီး ဖေဖော်ဝါရီမှာ ဖြန့်ချိမယ်

0
290

တေးသံရှင် မာမာအေး၊ သဲနုဝါ၊ အောင်ထွေးနဲ့ မြသွေးချယ်တို့ လေးဦး ပါဝင်သီဆိုထားတဲ့ ကောင်းခြင်းခုသည်ချိန်ခါ ရွှေမင်္ဂလာတေးများ တေးစီးရီးကို လာမယ့် ဖေဖော်ဝါရီလအတွင်း ထုတ်လုပ်ဖြန့်ချိသွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က လုပ်တဲ့ တေးစီးရီးမိတ်ဆက်ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

အဲဒီတေးစီးရီးကို ဘိုဘိုအင်တာတိန်းမန့်ကနေ ဖေဖော်ဝါရီလအတွင်း DVD အနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး Audio CD ခွေကိုတော့ ပူးတွဲလက်ဆောင်အဖြစ် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)