မြန်မာနဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းပြီး ငါးရှဥ့်တင်ပို့ ရောင်းချမယ်

0
301

မြန်မာနိုင်ငံက အဏ္ဏ၀ါဒေ၀ီ ငါးလုပ်ငန်းကုမ္ပဏီနဲ့ ဂျပန်နိုင်ငံက ဒါအီချီကိုးဆုဆန်ဂျိုကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ပြီး ငါးရှဥ့်တင်ပို့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီသဘောတူညီမှုအရ ဂျပန်ကုမ္ပဏီ အီချီကိုးဆုဆန်ဂျို က အမေရိကန်ဒေါ်လာ (၁)သန်း ရင်းနှီးမြှုပ်နှံပြီး ငါးရှဥ့်တွေကို မွေးမြူသွားမှာဖြစ်ပါတယ်။ ငါးရှဥ့်တွေကို ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာရှိတဲ့ ပေါက်ကျေးရွာမှာ အဓိက မွေးမြူသွားမှာဖြစ်ပြီး အကျယ် တစ်ဧကခွဲနီးပါးရှိတဲ့ ငါးရှဥ့်ကန်မှာ မွေးမြူသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငါးရှဥ့်ကို စနစ်တကျမွေးမြူပြီး တင်ပို့ရောင်းချတာထက် ဖမ်းပြီးရောင်းချတာက ပိုများနေပါတယ်။ စနစ်တကျ မွေးမြူပြီး တင်ပို့ရောင်းချဖို့အတွက် နည်းပညာလိုအပ်ချက် တွေ ရှိနေပါသေးတယ်လို့ အဏ္ဏ၀ါဒေ၀ီငါးလုပ်ငန်းကုမ္ပရဲ့ ဥက္ကဋ္ဌ တိုးနန္ဒာတင် က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ငါးရှဥ့်အဓိကတင်ပို့တဲ့နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေက နှစ်စဉ်ငါးရှဥ့်ပေါင်း တန်ချိန် (၁၂၀၀၀) ထိ တင်ပို့နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ တန်ချိန် (၇၀၀၀)သာ တင်ပို့နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)