ဖြူးမြို့နယ်၊ ဖြူးချောင်းအတွင်းက ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိ

0
329

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကျန်ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိခဲ့ပါတယ။်
အဲဒီ ဗုံးသီးဟောင်းကို ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာက ဖြူးချောင်းအတွင်းမှာ တွေ့ရှိခဲ့တာပါ။

လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဖြုး မြို့မရဲစခန်းကို သတင်းပေးပို့ခဲ့တာကြောင့် နယ်မြေရဲစခန်းက ရဲအုပ်ကျော်ဇိုင်ထိုက်နဲ့ တပ်ဖွဲ့ဝင်တွေ၊ စရဖ တပ်ကြပ်ကြီး တင်ဆန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးအပြင် သက်သာတွေက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သွားရောက်စစ်ဆေးရာမှာ ဖြူးချောင်းအတွင်း သဲမှုတ်လုပ်ငန်းလုပ်ကိုင်တဲ့ သက်ဇော်ဦး (၃၀ နှစ်)က သဲမှုတ်လုပ်ငန်းလုပ်နေတုန်း သဲတွေကို ကုန်းပေါ် စက်နဲ့ မှုတ်တင်ချိန်မှာ ဗုံးသီးကို တွေ့ရှိခဲ့တာလို့ သိရှိခဲ့ပါတယ်။

ဗုံးသီးကို စစ်ဆေးရာမှာ ဗုံးသီးပေါ်မှာ CISMK3MOR10LBIIPIT442/445 ဆိုတဲ့ စာတန်းရေးသားထားပြီး လုံးပတ် ၈ လက်မခန့်၊ အရှည် ၁၃.၆ လက်မခန့် (အခွံ/ထိပ်ဖူးမပါ) စစ်လက်ကျန် ဗုံးသီးခွံ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြူး မြို့မရဲစခန်းက ရဲအုပ် ကျော်ဇင်ထိုက်က “ဖြစ်စဉ်ကတော့ ချောင်းထဲမှာ သဲမှုတ်နေတဲ့ ကိုသက်ဦးက သဲမှုတ်နေရင်း သဲမလိုက်လို့ ဘီလူးခေါင်းကို ဆင်းကြည့်ရင်းကနေ အဲဒီဗုံးသီးကို တွေ့တာပါ။ ပထမတော့ ၃၀၆ ခြေမြန်တပ်ရင်းကို ပို့တာပါ။ ခြေလျင်တပ်ရင်းဖြစ်နေတော့ တောင်ငူမြို့ (၉၁၁) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း ကျွန်းကုန်းကို သွားရောက် အပ်နှံလွှဲပြောင်းပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)