နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် Japan Chamber of Commerce and Industry ဥက္ကဋ္ဌနဲ့ တွေ့ဆုံ

0
321

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ Japan Chamber of Commerce and Industry (JCCI) ဥက္ကဋ္ဌ Mr. Akio Mimura ခေါင်းဆောင်တဲ့ အဖွဲ့ဝင်(၄၃)ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့မနက် ၁၀ နာရီက နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး၊ နည်းဥပဒေနဲ့ ကန့်သတ်ချက်တွေဖြေလျော့ရေး၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ စီးပွားရေးကဏ္ဍမှာ မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံအကြားစဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ် တည်ထောင်ရေးစတဲ့ ကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)