စက်မှုဇုန်တွေမှာ ကျူးကျော်နေတဲ့ ကိစ္စတွေအတွက် စက်မှုဇုန် တာဝန်ရှိသူတွေ တရားဝင် တွေ့ဆုံ

0
275

စက်မှုဇုန်တွေမှာ ကျူးကျော်၊ ငွေညှစ်၊ အကြပ်ကိုင်၊ ခြိမ်းခြောက်နေတဲ့ ကိစ္စတွေအတွက်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ-ဥက္ကဋ္ဌနဲ့ စက်မှုဇုန်တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်တွေ တရားဝင်တွေ့ဆုံ ကြားနာခဲ့ကြပါတယ်။

အဲဒီကြားနာပွဲကို UMFCCI (၆လွှာ MIA စက်မှုကုန်ထုတ်အသင်းရုံး အစည်းဝေးခန်းမမှာ ဇန်နဝါရီ ၂၇ ရက်ဒီကနေ့ပြုလုပ်သွားတာပါ။

လက်ရှိမှာ စက်မှုဇုန်နေရာတွေမှာ ကျူးကျော်တဲတွေထိုးပြီး အုပ်စုဖွဲ့ငွေညှစ်ခြိမ်းခြောက်မှုတွေဟာ ပိုမိုဆိုးရွားလာနေတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စက်မှုဇုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေရဲ့ အကာကွယ်ကိုမရတဲ့အတွက် အခုလိုတွေဆုံရတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဘဏ္ဍာရေး၊စီင်္မံကိန်းနှင့် စီးပွားရေးကော်မတီ)အနေနဲ့ စက်မှုဇုန်တွေလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့ တရားဥပဒေအကာကွယ်ရရှိနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနတွေနဲ့ ပူပေါင်းဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)