ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး ဖွဲ့စည်း

0
349

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ)အဖွဲ့ဝင် သုံးဦးနဲ့ အလုပ်သမားအရေး ဦးဆောင်သူနှစ်ဦးတို့ ပူးပေါင်းပြီး ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး အဖွဲ့ ဖွဲ့စည်းခြင်းကို ဒီကနေ့ ဇန်နဝါရီ(၂၇)ရက် နံနက်(၁၁)နာရီက မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပခဲ့ကြပါတယ်။

အဲဒီအဖွဲ့ရဲ့ကိုင်စွဲရမယ့် အလံလေးလက်ကတော့ နယ်ချဲ့စနစ်သစ်ဝါဒဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးအဖွဲ့ဟာဆိုရင် တရားဝင်မှတ်ပုံမတင်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းပေးရေးကိုသာ အဓိက ဆောင်ရွက်သွားမယ်လို့ ကိုကျော်ကျော်ကို က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)