ဆိုင်ကယ်စီး ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို ၀င်ရောက် လည်ပတ်

0
290

ဆိုင်ကယ်စီးကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေနယ်စပ်ဖြတ်ကျော်ခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လည်ပတ်ခဲ့ကြပါတယ်။

အဲဒီခရီးသည်တွေဟာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု၊ Golden Orbit In’t Travel & Tours Co.,Ltd. ရဲ့စီစဉ်ဆောင် ရွက်မှုနဲ့ ဗြိတိန်နိုင်ငံမှ ခရီးသွားဧည့်သည် ၁၇ ဦးတို့ကသူတို့ရဲ့ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၆ စီးနဲ့ ဇန်နဝါရီ ၁ဝ ရက် က မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက် လာခဲ့ကြတာပါ။

အဲဒီခရီးသည်တွေဟာ မြဝတီ- ဘားအံ- ကျိုက်ထို- နေပြည်တော်- ပုဂံ- မန္တလေး- ညောင်ရွှေ- အင်းလေး-လွိုင်ကော်-တောင်ငူ-မြဝတီဒေသတွေရဲ့ သဘာဝရှုခင်းတွေနဲ့ထင်ရှားတဲ့နေရာတွေကို ကြည့်ရှုလေ့လာခံစားခဲ့ကြပြီး ဇန်နဝါရီ ၁၉ ရက်မှာ မြဝတီမြို့မှ ထိုင်းနိုင်ငံကိုပြန်လည် ထွက်ခွာသွားခဲ့ကြပါတယ်။

ဒါ့အပြင်Osuga Myanmar Travel & Tour Co.,Ltd.ရဲ့ စီစဉ်မှုနဲ့ တူရကီနိုင်ငံမှ ခရီးသွားဧည့်သည် တစ်ဦး ကလည်းဇန်နဝါရီ ၁၂ ရက်က သူရဲ့ မော်တော်ဆိုင်ကယ်နဲ့ ရန်ကုန်- ကျိုက်ထီးရိုး- ဘားအံ- မော် လမြိုင်- မြဝတီဒေသတွေရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မျာတွေနဲ့ ထင်ရှားတဲ့နေရာ တွေကိုလေ့လာပြီး ဇန်နဝါရီ ၁၆ရက်မှာ ထိုင်းနိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)