မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ကို ဂျပန်နိုင်ငံ အမျိုးသားရဲအဖွဲ့ ဒုတိယရဲချုပ် လာရောက်တွေ့ဆုံ

0
359

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်းကို ဂျပန်နိုင်ငံ၊ အမျိုးသားရဲအဖွဲ့ဒုတိယရဲချုပ် Mr.ShunichiKURYU က နေပြည်တော်၊ ရဲချုပ်ရုံးတွင် လာရောက် တွေ့ဆုံခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ အမျိုးသားရဲအဖွဲ့ ဒုတိယရဲချုပ် Mr. ShunichiK URYU နဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရဲ့ဧည့်ခန်းမမှာ လာရောက်တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလိုတွေဆုံရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဂျပန်နိုင်ငံအမျိုးသားရဲအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် လာရောက်တွေ့ဆုံ တာဖြစ်ပါတယ်။ ဒါ့အပြင် ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်လိုပြီး ဂျပန်နိုင်ငံရဲတပ်ဖွဲ့ရဲ့ ဆာင်ရွက်မှုအခြေအနေတွေကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတားဆီးနှိမ်နင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေအတွက် မှုခင်းစုံစမ်းစစ်ဆေးရေးကဏ္ဍ၊ အဆင့်မြင့်ဆိုက်ဘာနည်းပညာအသုံးပြုနိုင်ရေးကဏ္ဍ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ယုံကြည်ချက်၊ ခံယူချက်တွေ တိုးတက်မြင့်မားလာစေရေးကဏ္ဍတွေအတွက် နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက် ရေးတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)