မြန်မာနဲ့ သြစတြေးလျ နှစ်နိုင်ငံ ချစ်ကြည်ရေး ရန်ပုံငွေပွဲ ကျင်းပမယ်

0
309

မြန်မာနဲ့ သြစတြေးလျ နှစ်နိုင်ငံချစ်ကြည်ရေး ရန်ပုံငွေကပွဲ Vienna Ball Yangon ကျင်းပမှာဖြစ်ပါတယ်။ အဲဒီကပွဲဟာသြစတြေးလျ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးနဲ့ Rotary Club of Yangon တို့ ပူးပေါင်းကျင်းပမယ့် ပထမဆုံး Vienna Ball Yangon ကပွဲကို မတ် ၄ ရက်နေ့မှာ ကပြဖျော်ဖြေမှာပါ။

အဲဒီင်္က ရရှိလာမယ့် ရန်ပုံငွေတွေကို လိုအပ်နေတဲ့ ဒေသတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှူဒါန်းမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။ ရန်ပုံငွေကပွဲကို ရန်ကုန်မြို့မှာကျင်းပဖို့ ရည်ရွယ်ထားပြီး မြို့တော်နှစ်ခု၊ နှစ်နိုင်ငံမှ ကမ္ဘာ့ တိုက်ကြီးနှစ်တိုက်ရဲ့ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ပေါင်းစည်းဆက်သွယ်မှုတွေကို အကောင်အထည်ဖော်ရန် ရည်ရွယ်ကျင်းပတာပါ။

အဲဒီကပွဲအတွင်း သြစတြေးလျဂီတမှူး Mr. Goesta Muller ဦးဆောင်တဲ့ အော်ဂတ်စတာတီးဝိုင်းနဲ့ တီးခတ်ဖျော်ဖြေမှာဖြစ်ပြီး မျက်နှာသစ်မြန်မာအက မောင်မယ်စုံတွဲတွေ နာမည်ကြီး ဗီယင်နာအကဆရာ Mr.Heinz Heindenreic ရဲ့ သင်ကြားပြသမှုနဲ့ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

ရန်ပုံငွေပွဲမှရရှိလာတဲ့ အလှူငွေတွေကို ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မန်ကျည်း ပင်စုကျေးရွာမှာ ဆောင်ရွက်နေတဲ့ သောက်သုံးရေသန့်ရှင်း ရေး စီမံကိန်းနဲ့ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်တွေရှိ စစ်ဘေးရှောင်ဒေသခံတွေထံကို လှူဒါန်းသွားမှာဖြစ်တယ်လို့ Rotary Club of Yangon ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)