အဝါရောင်လိပ်ပြာနဲ့ ထိတွေ့သူတွေ ယားယံတဲ့ဝေဒနာ ခံစားလာရ

0
363

အဝါရောင်လိပ်ပြာတွေ ပေါများလာတာကြောင့် အသားယားဝေဒနာတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအဝါရောင်လိပ်ပြာတွေဟာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရဲ့ နေရာတော်တော်များများမှာ ယခုနှစ်ဒီဇင်ဘာလဆန်းပိုင်းကတည်းက တွေ့ရှိလာရတာပါ။

yellow

လိပ်ပြာတွေရဲ့အမွှေးတွေနဲ့ လိပ်ပြာကထွက်လာတဲ့ အရည်တွေဟာ လူ့ခန္ဓာကိုယ်နဲ့ မတည်တာကြောင့် အခုလိုယားယံတာတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဆေးခန်းတွေမှာ ယားယံတဲ့ဝေဒါရှင်တွေ၊ အသက်ရှူခက်တဲ့လူနာတွေ လာရောက်ပြသနေတာ များတယ်လို့ ပွတ်စုကျေးရွာ ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသိဏ်းလှိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)