မြိတ်မြို့၊ အထက(၁)ကျောင်းမှာ ရှို့မီးလို့ယူဆရတဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွား

0
265

မြိတ်မြို့၊ မြစ်ငယ်ရပ် ကန်ပတ်လမ်းမှာရှိတဲ့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲ ပတ်ဝန်းကျင်အချိန်မှာ ရှို့မီးလို့ ယူဆရတဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

fire

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရဲ့ သုံးထပ် ကုမုဒြာကျောင်းဆောင်ရဲ့ မြေညီထပ်၊ ဆရာ၊ ဆရာမ နားနေဆောင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။
မီးလောင်မှုသတင်းကို ပြည်သူတစ်ယောက်က ဆိုင်ကယ်နဲ့သတင်းပေးခဲ့ပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ၆ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

fire2

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ အပူလွန်ကဲတဲ့ လက္ခဏာမျိုးမတွေ့ဘဲ ပြတင်းပေါက်တစ်ပေါက်ပွင့်နေပြီး လေဝင်ပေါက်ကိုတက်တဲ့ ခြေရာလက်ရာတွေနဲ့ အခြားမသင်္ကာဖွယ်ရာတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ရှို့မီးလို့ ယူဆပြီး ကျောင်းညစောင့် ဦးသန်းဇော်ဦးကို မှုခင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က ပူးပေါင်းစစ်ဆေးနေပါတယ်။
မီးလောင်မှုကြောင့် သစ်စာဗီရိုဟောင်း ၁ လုံး၊ ဒီဇင်ဘာ လပတ် (၁၀) တန်းစာမေးပွဲ အဖြေလွှာစက္ကူထုပ် (၁၅)ထုပ် ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂ သောင်းကျော် ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)