နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်လို့ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရတဲ့ မစန္ဒီမြင့်အောင် အာမခံ ရရှိ

0
358

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ မစန္ဒီမြင့်အောင်ကို ပဲခူးမြို့နယ်တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အာမခံပေးလိုက်ပါတယ်။

66d

စန္ဒီမြင့်အောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့မိတဲ့အတွက် ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံခဲ့ရတာပါ။

ပဲခူးမြို့မှာနေထိုင်တဲ့ မလင်းလဲ့လဲ့လှိုင်ဆိုသူက အောက်တိုဘာ ၂၈ ရက်နေ့မှာ တရားလိုအဖြစ် တိုင်ကြားပြီး နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပဲခူးမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် လက်ထက်အတွင်းမှာပဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရသူပေါင်း ၃၈ မှုရှိပြီး အဲဒီထဲမှာ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၅ ဦးနဲ့ပြစ်ဒဏ်ချမှတ်ခံရသူ ၅ ဦးရှိတယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ဒီဇင်ဘာ၂၃ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)