စက်လှေတိမ်းမှောက်ရာမှ ပျောက်ဆုံးနေသော ကလေးငယ် နှစ်ဦးအနက် တစ်ဦး ပြန်လည် တွေ့ရှိ

0
355

မင်္ဂလာဆောင်ပွဲမှအပြန် စက်လှေတိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးနေတဲ့ ကလေးငယ်နှစ်ဦးအနက် တစ်ဦးကို ပြန်လည်ရှာဖွေ
တွေ့ရှိခဲ့ပါတယ်။

15722566_1384216281589025_1597292562_n

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ပြင်းငယ်ကျေးရွာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က လူ(၄၀)ခန့် စက်လှေနဲ့ တစ်ဖက်ရွာက မင်္ဂလာပွဲကို သွားရောက်ပြီး အပြန်မှာ စက်လှေတိမ်းမှောက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီကလေးငယ် နှစ်ဦးအနက် တစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ်မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မင်္ဂလာပွဲကို လာရောက်တဲ့ စက်လှေဟာ အပြန်မှာ ရွာအပြန် ပြင်းငယ်ကျေးရွာနဲ့ ပိန္နဲတောင်ကျေးရွာအနီးရှိ ဗဟတ်ချောင်းကို ဖြတ်ကူးစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းတာဖြစ်ပါတယ်။ စက်လှေတိမ်းမှောက်ခဲ့တာကြောင့် ရေယာဉ် မဆင်မခြင်မောင်းနှင်သူ ဦးညိုဟိန်းကို မြိတ်မြို့မရဲစခန်းရုံးမှ (ပ) ၂၄၄၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ အရ မြိတ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)