အမြန်လမ်းမကြီးပေါ် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်

0
324

တံတားဦးမြို့နယ်မှာ၊ စကားအင်း အမြန်လမ်းမကြီးရဲစခန်း အပိုင် နယ်မြေထဲမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

pkl2

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၅/၂ နဲ့ ၃၃၅/၃ ကြားက နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကိုမောင်းနှင်လာစဉ်မှာ ALPHARD နီညိုရောင်မော်တော်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အခြမ်းက သဲထည့်ထားတဲ တိုင်ကီကို ဝင်တိုက်မိခဲ့တာပါ။

image-0-02-06-6224c630e7c9ed8a7450247ffde542b99c961183ab1a70a9a29b03c91fffd7d3-v

ယာဉ်ပေါ်မှာ အမျိုးသား သုံးယောက်၊ အမျိုးသမီး ငါးယောက်ပါပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ယာဉ်ရဲ့ ရှေ့လေကာမှန် ကွဲပြီး၊ ရှေ့ဘန်ကာပြုတ်ထွက်ပြီး၊ တိုက်ရော့ ပြုတ်ထွက်ခဲ့သလို အခြားပျက်စီးမှု ခန့်မှန်းတန်ဖိုး ငါးသိန်းခန့် ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ကိုကိုနိုင်ကို စကားအင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၅၈/၁၆ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)