တောင်ငူမြို့မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတစ်ဦး ဖမ်းမိ

0
327

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

wy

အဲဒီ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူဟာ ကညွတ်ကွင်းမြို့၊ ဖြူးမြို့နယ်မှာ နေထိုင်တဲ့ ပြည့်ဖြိုးပိုင်လို့ အမည်ရသူ ဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ကံရိုးကျေးရွာအနီးမှာ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချဖို့ ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

ပြည်ဖြိုးပိုင်ကို တောင်ငူမြို့မရဲစခန်းက ရဲအုပ် အော်ကျော်လွင် ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ဆေးခဲ့ရာမှာ ဝတ်ထားတဲ့ အနွေးထည်ထဲ အင်္ကျီ အဖြူရောင်အိတ်ထဲက WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၆၅ ပြား၊ (တစ်ပြားကို ၅၀၀၀ နှုန်းနဲ့ ကာလတန်ဖိုး ၃၂၅,၀၀၀ ကျပ်) မူးယစ်ဆေးဝါးသုံးစွဲရမှာ အသုံးပြုတဲ့ ခဲပတ်နှစ်ခု၊ အပြာရောင်မီးခြစ်တစ်လုံး၊ တိပ်အနက်ရောင်နဲ့ပတ်ထားတဲ့ ပလပ်စတစ်အိတ်တစ်လုံး၊ 999 တံဆိပ်ပါ အနက်ရောင် တိပ်ခွေတစ်ခွေ၊ COMME CUDU MODE MEN အဖြူရောင် အနွေးထည်တစ်ထည်တို့ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ငူ မြို့မရဲစခန်းက မယ(ပ) ၈/၂၀၁၆ မူး/စိတ်ပြောင်း ပုဒ်မ ၁၅/၁၉(က)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)