ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ ဘုရင် ဗဟာဒူးရှားဖောရ်ရဲ့ ဂူဗိမာန်ကို သွားရောက်ကြည့်ရှု

0
277

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ဒဂုံမြို့နယ်က အိန္ဒိယအင်ပါယာနောက်ဆုံးဘုရင် ဗဟာဒူးရှားဖောရ်ရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့ပါတယ်။

mah

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ နံနက်ပိုင်းမှာ ဂူဗိမာန်ကို သွားရောက်ခဲ့တာဖြစ်ပြီး ဂူဗိမာန်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့အကူအညီတွေ ဖြည့်ဆည်းပေးဖို့ စီမံဆောင်ရွက်ပေးခဲ့တာပါ။

ဘုရင် ဗဟာဒူးရှားဖောရ်ဟာ ၁၈၇၅ ခုနှစ်က အိန္ဒိယတော်လှန်ရေးမှာပါဝင်ခဲ့တဲ့အတွက် ဗြိတိန်အစိုးက သူ့ကို စွဲချက်တင်စစ်ဆေးပြီး မြန်မာနိုင်ငံကို ရွှေ့ပြောင်းစေခဲ့တာ ဖြစ်ပါတယ်။ ဗဟာဒူးရှားဖောရ်ဟာ လူအသိအမှတ်ပြုခံရတဲ့ အူရဒူကဗျာဆရာတစ်ယောက်လည်းဖြစ်ပြီး ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ နတ်ရွာစံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)