လူစုပြီး လိုင်းကားတွေကို လက်တုံ့ပြန်မယ့် အစီအစဉ် ခရီးသွားပြည်သူတွေ ထောက်ခံ ကြိုဆို

0
470

ရမ်းကားတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြည်သူတွေစုပြီး ပြန်လည်လက်တုံ့ပြန်မယ့် အစီအစဉ်ကို ခရီးသွားပြည်သူအများစုက ထောက်ခံခဲ့ကြပါတယ်။

14572191_134224477049081_8091535690289538917_n

ခရီးသွားပြည်သူတွေကို ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ မိုက် ရိုင်းရမ်းကားခြင်း၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပြီး ဒီလိုဖြစ်ပျက်နေတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိရောက်တဲ့အရေးယူခြင်း မရှိတာကြောင့် ပြည်သူတွေက စုစည်းပြီး လက်တုံ့ပြန်ဖို့ စီစဉ် လာကြတာဖြစ်ပါတယ်။

မကြာသေးမီကလည်း ပြည်သူတစ်ဦးကို ယာဉ်နောက်လိုက်က ထိုးကြိတ်ခဲ့တာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပေမယ့် တာဝန်ရှိသူတွေက အရေးယူမှုမပြုလုပ်ခဲ့တာကြောင့် လူတစ်စုက အဲဒီယာဉ်နောက်လိုက်ကို ပြန်လည်စုစည်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ(မထသ) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ယာဉ်နောက်လိုက်တွေကို လက်တုံ့မ ပြန်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)