Project K မြန်မာအမျိုးသား ဂီတအဖွဲ့ကို နှစ်ခြိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

0
92

Unicode Version

K-Pop လို အလားတူ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားလေးများရဲ့ ဂီတအဖွဲ့ဖြစ်တဲ့ Project K ဆိုရင် လူငယ်များအကြားမှာသာ လူကြိုက်များ ထင်ရှားရုံသာမက ဒီအဖွဲ့ကို နှစ်ခြိုက်သူများ အထဲမှာ မိမိလည်း တစ်ဦး အပါအဝင်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးမှာ “Growing with Art” ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


မြန်မာ၊ ထိုင်းနဲ့ ကိုရီးယား သမ္မတနိုင်ငံတွေက အဆိုတော်များနဲ့ ဖွဲ့စည်းထားတဲ့ ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ “Rose Quartz” ဟာ ဆိုရင်လည်း ဂီတနဲ့ ပေါင်းစည်းထားတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂီတကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာဟာလည်း အားရစရာကောင်းကြောင်း၊ ဂီတဟာ ကွဲပြားခြားနားတဲ့ လူပုဂ္ဂိုလ်များနဲ့ ယဉ်ကျေးမှုများ အကြားမှာ တည်ရှိတဲ့ အတားအဆီးတွေကို ကျော်လွန်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ တန်ဆာပလာတစ်ခု ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version

Project K မြန်မာအမျိုးသား ဂီတအဖွဲ့ကို နှစ်ခြိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော   

K-Pop လို အလားတူ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားလေးများရဲ့ ဂီတအဖွဲ့ဖြစ်တဲ့ Project K ဆိုရင် လူငယ်များအကြားမှာသာ လူကြိုက်များ ထင်ရှားရုံသာမက ဒီအဖွဲ့ကို နှစ်ခြိုက်သူများ အထဲမှာ မိမိလည်း တစ်ဦး အပါအဝင်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးမှာ “Growing with Art” ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာ၊ ထိုင်းနဲ့ ကိုရီးယား သမ္မတနိုင်ငံတွေက အဆိုတော်များနဲ့ ဖွဲ့စည်းထားတဲ့ ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ “Rose Quartz” ဟာ ဆိုရင်လည်း ဂီတနဲ့ ပေါင်းစည်းထားတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဂီတကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာဟာလည်း အားရစရာကောင်းကြောင်း၊ ဂီတဟာ ကွဲပြားခြားနားတဲ့ လူပုဂ္ဂိုလ်များနဲ့ ယဉ်ကျေးမှုများ အကြားမှာ တည်ရှိတဲ့ အတားအဆီးတွေကို ကျော်လွန်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ တန်ဆာပလာတစ်ခု ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)