စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းမယ့်ကိစ္စ လွှတ်တော်အတည်ပြု

0
35

Unicode Version

စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ရေးကို မဲခွဲဆုံးဖြတ်ခဲ့ရာ မဲအများစုနဲ့ ပူးပေါင်းဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဖို့ ထောက်ခံမဲ ၃၄၉ မဲနဲ့ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တေ်ာက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူနိုင်ဖို့ စက်ခလုတ်နှိပ်ပြီး မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၄၉ မဲ၊ ကန့်ကွက်မဲ ၂၂၂ မဲနဲ့ ကြားနေမဲ ၂ မဲတို့ရှိရာ ထောက်ခံမဲ များတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)