ကြားဖြတ် သန်းခေါင်စာရင်းကို နမူနာစာရင်း ကောက်ကွက် ၄၀၀၀ ကျော်နဲ့ ကောက်ယူမယ်

0
12

Unicode Version

ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နမူနာစာရင်း ကောက်ကွက်ပေါင်း ၄၀၀၀ ကျော် ကောက်ယူသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာပါ။

ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူစဉ်ကလို မေးခွန်းစာရွက်ကို အသုံးပြုတဲ့နည်းနဲ့ ကောက်ယူမှာ မဟုတ်ဘဲ နိုင်ငံအတော်များများမှာ အသုံးပြုနေပြီဖြစ်တဲ့ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်း ကောက်ယူသတဲ့စနစ် (Computer-assisted Personal Interviewing – CAPI) ကို အသုံးပြု ကောက်ယူသွားမှာလည်း ဖြစ်ပါတယ်။

Zawgyi Version