နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဘူဆန်နဲ့ ဘူဂေယောင်း တက္ကသိုလ်က စာသင်သားတွေနဲ့ တွေ့ဆုံ

0
23

Unicode Version

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘူဆန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ်နဲ့ ဘူဂယောင်း အမျိုးသားတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၂၅ နေ့ နေ့လယ်ပိုင်းက ဘူဆန်မြို့၊ ဘူဆန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်နဲ့ ဘူဂယောင်း အမျိုးသားတက္ကသိုလ်တို့မှာ ပညာဆည်းပူးနေကြတဲ့ မြန်မာ ကျောင်းသား ကျောင်းသူတွေနဲ့ မြန်မာဘာသာ အထူးပြု သင်ယူနေကြတဲ့ ကိုးရီးယား ကျောင်းသား ကျောင်းသူတွေကို တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ်မှာ ယဉ်ကျေးမှုရေးရာကိစ္စ၊ နှစ်နိုင်ငံ ပြည်သူတွေနဲ့ ကျောင်းသားတွေအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ ကျောင်းသား လူငယ်ထုတွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကိစ္စ အပါအဝင် မြန်မာဘာသာ ပညာသင်ကြားနေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Zawgyi Version