မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲ ကျင်းပမယ်

0
55

Unicode Version
(၂၀) ကြိမ်မြောက် ကျင်းပမယ့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကို ပြုလုပ်သွားမှာဖြစ်ပြီး အခမ်းအနားကို နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တေ်ာရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

(၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို ကျင်းပရတဲ့ ရည်ရွယ်ချက် ၄ ချက်က မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနဲ့ ပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေဖို့၊ မြန်မာ့တိုင်းရင်း ဆေးဆရာတို့ရဲ့ အရည်အချင်းနဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေဖို့၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်း၊ ပြည်ပရှိ ဆက်စပ်နှီးနွှယ် ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းဆေးဝါး ကုန်ကြမ်းတွေ ပြည်တွင်းမှာ ဖူလုံစွာရရှိစေဖို့ ဦးစီးဌာန ပရဆေးဥယျာဉ်တွေအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လာစေဖို့ ဖြစ်ပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)