မြန်မာနိုင်ငံ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းကြား ရှိ

0
28

Unicode Version
မြန်မာနိုင်ငံက နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း ကြားမှာရှိပြီး အာဆီယံရဲ့ စီးပွားတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံတွေမှာ ပါဝင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယား စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်များ၏ ထိပ်သီးအစည်းအဝေး ၂၀၁၉ မှာ “ကိုရီးယားနှင့် အာဆီယံ စီးပွားရေးကို အတူတကွ ကြွယ်ဝစေမည့် ပူးပေါင်းဆောင်ရွက်မှု အသစ်များ” ခေါင်းစဉ်နဲ့ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားခဲ့တာပါ။

မိမိတို့နိုင်ငံဟာ အကြီးမားဆုံးသော ဒေသတွင်းစီးပွားရေး အုပ်စု ၂ စု ဖြစ်တဲ့ မဟာမဲခေါင်ဒေသခွဲနဲ့ တောင်အာရှဒေသခွဲ အုပ်စုတို့ကို ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် နေရာမှာ တည်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ ၁၇ ထရီလီယံ ကုဗမီတာ၊ ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၂ ဘီလီယံ၊ ရှားပါးတဲ့ သယံဇာတတွေ၊ ဓာတ်သတ္တုတွေနဲ့ တွင်းထွက်ရတနာတွေ စတဲ့ သဘာဝ သယံဇာတများနဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေး ထွက်ကုန်များရှိတာကြောင့် မြန်မာနိုင်ငံဟာ အရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version