ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတွေ အစွန်းရောက်မှု တိုက်ဖျက်ရေးမှာ အကူအညီပေးနိုင်

0
36

Unicode Version

အစွန်းရောက်မှု တိုက်ဖျက်ရေးဟာလည်း ယဉ်ကျေးမှုနယ်ပယ်မှာ ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတွေ အနေနဲ့ ပါဝင်ကူညီပေးနိုင်တဲ့ နယ်ပယ်တစ်ခု ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးမှာ “Growing with Art” ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို ပဋိပက္ခတွေ၊ အစွန်းရောက်မှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံတစ်ခုအနေနဲ့ ရှုမြင်လေ့ရှိတတ်ကြပေမယ့် တစ်ခါတစ်ရံမှာ ပဋိပက္ခအတွက် အကြောင်းပြချက် သက်သက်သာ ဖြစ်တတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းခံတွေကို နက်နက်နဲနဲ ရှာဖွေဖို့ လိုအပ်တဲ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြု လေးစား တန်ဖိုးထားတတ်ဖို့အတွက် မိမိတို့အနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိပညာနဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုအကြား ဆက်ဆံရေးစွမ်းရည်ကို အသုံးချရမှာ ဖြစ်ကြောင်းနဲ့ ဒါမှသာ အားလုံးရဲ့ စိတ်နဲ့ နှလုံးသားတို့ဟာ တစ်လုံးတစ်ဝတည်း စုစည်းပေါင်းစပ်လာကြမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version

ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတွေ အစွန်းရောက်မှု တိုက်ဖျက်ရေးမှာ အကူအညီပေးနိုင်

အစွန်းရောက်မှု တိုက်ဖျက်ရေးဟာလည်း ယဉ်ကျေးမှုနယ်ပယ်မှာ ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတွေ အနေနဲ့ ပါဝင်ကူညီပေးနိုင်တဲ့ နယ်ပယ်တစ်ခု ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးမှာ “Growing with Art” ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို ပဋိပက္ခတွေ၊ အစွန်းရောက်မှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံတစ်ခုအနေနဲ့ ရှုမြင်လေ့ရှိတတ်ကြပေမယ့် တစ်ခါတစ်ရံမှာ ပဋိပက္ခအတွက် အကြောင်းပြချက် သက်သက်သာ ဖြစ်တတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းခံတွေကို နက်နက်နဲနဲ ရှာဖွေဖို့ လိုအပ်တဲ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြု လေးစား တန်ဖိုးထားတတ်ဖို့အတွက် မိမိတို့အနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိပညာနဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုအကြား ဆက်ဆံရေးစွမ်းရည်ကို အသုံးချရမှာ ဖြစ်ကြောင်းနဲ့ ဒါမှသာ အားလုံးရဲ့ စိတ်နဲ့ နှလုံးသားတို့ဟာ တစ်လုံးတစ်ဝတည်း စုစည်းပေါင်းစပ်လာကြမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။