ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲမှာ မြန်မာနဲ့ မလေးရှား သရေကျ

0
66

Unicode Version

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို နိုဝင်ဘာလ ၂၅ ရက်နေ့က မနီလာမြို့မှာ ကျင်းပခဲ့ပြီး မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

မြန်မာ ယူ-၂၂ အသင်းဟာ အုပ်စုတွင်း အင်အားကြီးမားတဲ့ မလေးရှားအသင်းကို သရေကစားပြီး ၁ မှတ် ရယူထားတာ ဖြစ်ပါတယ်။ ပထမပိုင်း ၁၃ မိနစ်မှာ လှိုင်းဘိုဘိုက ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို စိုးမိုးကျော်က ခေါင်းတိုက် သွင်းယူပြီး ၁ ဂိုး ရရှိခဲ့တာပါ။

မလေးရှားအသင်းရဲ့ ချေပဂိုးကိုတော့ အဗ္ဗဒူရာဇတ်က သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းက ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် မလေးရှားက ကာကွယ်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲအဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Zawgyi Version

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)