မြန်မာနိုင်ငံမှာ မလည်ပတ်ရမယ့် နေရာတွေကို ဗြိတိန်က သတိပေးချက် ထုတ်ပြန်

0
303

Unicode Version

မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် ဗြိတိန် နိုင်ငံသားတွေအနေနဲ့ မသွားလာရမယ့် နေရာတွေကို နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး (FCO) က နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထပ်မံဖြည့်စွက် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြို့နယ်တွေမှအပ မသွားရမယ့် နေရာတွေက ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ ငပလီအပါအဝင် သံတွဲနဲ့ ဂွမြို့နယ်တွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ မသွားရမယ့်နေရာက ပလက်ဝမြို့နယ်ပါ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်မှာဆိုရင် မြစ်ကြီးနား၊ ဗန်းမော်နဲ့ ပူတာအိုမှအပ တခြားနေရာတွေကို မသွားရောက်ဖို့ FCO က အကြံပြုထားပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ လာအိုနယ်စပ်တွေကိုလည်း မသွားဖို့ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးက အကြံပေးထားပါတယ်။

Zawgyi Version

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)