နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ထိုင်းဝန်ကြီးချုပ်ကတော်တို့ ဘူဆန်ရှိ တက္ကသိုလ်ကို သွားရောက်လေ့လာ

0
35

Unicode Version

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ကတော် နာရာပွန် ချန်အိုချာတို့ဟာ နိုင်ငံခြား လေ့လာရေး ဘူဆန်တက္ကသိုလ် (BUFS) ကို လာရောက်လေ့လာခဲ့ကြတယ်လို့ တက္ကသိုလ် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဆီယံ-တောင်ကိုရီးယား ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ကတော်တို့က ခရီးစဉ်အတွင်း BUFS ကို နိုဝင်ဘာလ ၂၄ ရက်နေ့က သွားရောက် လည်ပတ်ခဲ့ကြပြီး ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ BUFS မှာ မြန်မာဘာသာစကား လေ့လာနေတဲ့ ကိုရီးယား ကျောင်းသူကျောင်းသား ၇၀ ကျော်နဲ့ တွေ့ဆုံပြီး မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာတွေကို မျှဝေ ဆွေးနွေးခဲ့ပါတယ်။

BUFS ဟာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားပေးတဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီး BUFS က ဖိတ်ကြားလို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို သွားရောက်ခဲ့တာလို့ ကိုရီးယားတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။

Zawgyi Version

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ထိုင်းဝန်ကြီးချုပ်ကတော်တို့ ဘူဆန်ရှိ တက္ကသိုလ်ကို သွားရောက်လေ့လာ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ကတော် နာရာပွန် ချန်အိုချာတို့ဟာ နိုင်ငံခြား လေ့လာရေး ဘူဆန်တက္ကသိုလ် (BUFS) ကို လာရောက်လေ့လာခဲ့ကြတယ်လို့ တက္ကသိုလ် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဆီယံ-တောင်ကိုရီးယား ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ကတော်တို့က ခရီးစဉ်အတွင်း BUFS ကို နိုဝင်ဘာလ ၂၄ ရက်နေ့က သွားရောက် လည်ပတ်ခဲ့ကြပြီး ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ BUFS မှာ မြန်မာဘာသာစကား လေ့လာနေတဲ့ ကိုရီးယား ကျောင်းသူကျောင်းသား ၇၀ ကျော်နဲ့ တွေ့ဆုံပြီး မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာတွေကို မျှဝေ ဆွေးနွေးခဲ့ပါတယ်။ BUFS ဟာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားပေးတဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီး BUFS က ဖိတ်ကြားလို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို သွားရောက်ခဲ့တာလို့ ကိုရီးယားတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။