ဂျပန် ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဒေသကို မြန်မာက ဗုဒ္ဓဆင်းတုတော် လှူ

0
72

Unicode Version

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်က ငလျင်လှုပ်ပြီး ဆူနာမီဒဏ်ခံရတဲ့ ဒေသမှာ ထားရှိဖို့ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို မြန်မာနိုင်ငံက လှူဒါန်းတဲ့အခမ်းအနား နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာ ဆူနာမီဒဏ်ခံရတဲ့ ဒေသအပါအဝင် အရှေ့တောင်အာရှက ရဟန်းတော်တွေ ကြွရောက်ပြီး အမြင့် ၅ မီတာ ဉာဏ်တော်ရှိတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ရွတ်ဖတ်သရဇ္စျယ်ကြပါတယ်။ ဗုဒ္ဓဆင်းတုတော်ကို မီယာဂီပြည်နယ်၊ မီနာမီဆန်ရီကူမြို့ရှိ ရှီဇူဂါဝါ ပင်လယ်ကွေ့အနီး ကုန်းမြင့်မှာ ထားရှိတာပါ။ အဲဒီဒေသမှာ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၁ သောင်းခွဲကျော် သေဆုံးခဲ့ရပြီး မီနာမီ ဆန်ရီကူ ဟိုတယ် အုပ်ချုပ်ရေးအဖွဲ့က သစ်ဆောဥယျာဉ်အဖြစ် ထိန်းသိမ်းထားပါတယ်။

အခု လှူဒါန်းမှုဟာ ပြန်လည်ထူထောင်ရေးမှာ မပြောပလောက်ပေမယ့် ပြည်သူနှစ်ရပ်အကြား ခရီးသွားလုပ်ငန်းကို တိုးမြင့်လာစေဖို့ ရည်ရွယ်တယ်လို့ ဆင်းတုတော် လှူဒါန်းတဲ့ တိုမာဆာဒို အင်တာနေရှင်နယ် ထရိတ်ဒင်း ကုမ္ပဏီက တွဲဖက်အကြီးအကဲ အသက် ၅၂ နှစ်အရွယ်ရှိ ဦးထက်မြတ်ဦးက မိုင်နိချိ သတင်းဌာနကို ပြောပါတယ်။

Zawgyi Version

ဂျပန် ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဒေသကို မြန်မာက ဗုဒ္ဓဆင်းတုတော် လှူ   

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်က ငလျင်လှုပ်ပြီး ဆူနာမီဒဏ်ခံရတဲ့ ဒေသမှာ ထားရှိဖို့ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို မြန်မာနိုင်ငံက လှူဒါန်းတဲ့အခမ်းအနား နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာ ဆူနာမီဒဏ်ခံရတဲ့ ဒေသအပါအဝင် အရှေ့တောင်အာရှက ရဟန်းတော်တွေ ကြွရောက်ပြီး အမြင့် ၅ မီတာ ဉာဏ်တော်ရှိတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ရွတ်ဖတ်သရဇ္ဈယ်ကြပါတယ်။ ဗုဒ္ဓဆင်းတုတော်ကို မီယာဂီပြည်နယ်၊ မီနာမီဆန်ရီကူမြို့ရှိ ရှီဇူဂါဝါ ပင်လယ်ကွေ့အနီး ကုန်းမြင့်မှာ ထားရှိတာပါ။ အဲဒီဒေသမှာ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၁ သောင်းခွဲကျော် သေဆုံးခဲ့ရပြီး မီနာမီ ဆန်ရီကူ ဟိုတယ် အုပ်ချုပ်ရေးအဖွဲ့က သစ်ဆောဥယျာဉ်အဖြစ် ထိန်းသိမ်းထားပါတယ်။

အခု လှူဒါန်းမှုဟာ ပြန်လည်ထူထောင်ရေးမှာ မပြောပလောက်ပေမယ့် ပြည်သူနှစ်ရပ်အကြား ခရီးသွားလုပ်ငန်းကို တိုးမြင့်လာစေဖို့ ရည်ရွယ်တယ်လို့ ဆင်းတုတော် လှူဒါန်းတဲ့ တိုမာဆာဒို အင်တာနေရှင်နယ် ထရိတ်ဒင်း ကုမ္ပဏီက တွဲဖက်အကြီးအကဲ အသက် ၅၂ နှစ်အရွယ်ရှိ ဦးထက်မြတ်ဦးက မိုင်နိချိ သတင်းဌာနကို ပြောပါတယ်။   

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)