ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာေတြကို အလိုေတာ္ျပည့္ဆရာေတာ္က အခမဲ့ ကုသေပး

0
725

ရခိုင္ျပည္နယ္အတြင္းက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ လူနာ တစ္ရာ့ငါးဆယ္ေက်ာ္ကို အလိုေတာ္ျပည့္ ဆရာေတာ္က အခမဲ့ ကုသခြဲစိပ္ဖို႔စီစဥ္ေပးခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္းက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေ၀ဒနာရွင္ေတြအပါအ၀င္ ေရာဂါအမ်ိဳးအစား ၆ ခုကို ခံစားေနရတဲ့ ျပည္သူေတြကို အလိုေတာ္ျပည့္ဆရာေတာ္က ဂ်ာမဏီႏိုင္ငံက ခြဲစိပ္ကြ်မ္းက်င္ တဲ့ ဆရာ၀န္ေတြေခၚယူၿပီး ႏုိ၀င္ဘာလ ၂၅ ရက္ေန႔မွာ စစ္ေတြေဆးရံုႀကီးအတြင္း ခြဲစိပ္ကုသေပးခဲ့ပါတယ္။

အင္တာဗ်ဴး – ဦးပညာေဇာတ (ေက်ာင္းထိုင္ဆရာေတာ္) အလိုေတာ္ျပည့္ေက်ာင္းတိုက္ (စစ္ေတြၿမိဳ႕)

အခုလို ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ လည္ပင္ႀကီး၊ မီးေလာင္ဒဏ္ရာ၊ ေျခဖုလက္ဖုစတဲ့ ေရာဂါေတြကို ခံစားေနရတဲ့ ေ၀ဒနာရွင္ တစ္ေထာင္ေက်ာ္ကို အလိုေတာ္ျပည့္ဆရာေတာ္အေနနဲ႔ အခမဲ့ ခြဲစိပ္ကုသေပးခဲ့ၿပီး အခုတစ္ႀကိမ္နဲ႔ ဆိုရင္ ၇ ႀကိမ္ေျမာက္လည္းျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒၚစႏၵာ၀င္း (လည္ပင္းႀကီးေရာဂါေ၀ဒနာရွင္) အေပါက္၀ေက်းရြာ (ေက်ာက္ေတာ္ၿမိဳ႕နယ္)

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ေ၀ဒနာ ရွင္ေတြ ဟာ လူမႈပတ္၀န္းက်င္ နဲ႔ ကင္းကြာေနတာေၾကာင့္ လူေတြနဲ႔ အတူ တန္းတူေနႏိုင္ေအာင္ အခမဲ့ ခြဲစိပ္ကုသေပးေနတာျဖစ္ၿပီး ေ၀ဒနာရွင္ေတြကို အခုလို ေဆးကုသမႈျပဳလုပ္ႏုိင္ဖို႔ ျမန္မာႏုိင္ငံစားဖုိမွဴးအသင္းကေန ဆရာေတာ္ကို ကူညီပံ့ပိုးခဲ့တာျဖစ္ပါတယ္ခင္ဗ်ား။ (စစ္ၿပီး – ေနမင္းခ)

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရခိုင်ပြည်နယ်အတွင်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ တစ်ရာ့ငါးဆယ်ကျော်ကို အလိုတော်ပြည့် ဆရာတော်က အခမဲ့ ကုသခွဲစိပ်ဖို့စီစဉ်ပေးခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်တွေအပါအဝင် ရောဂါအမျိုးအစား ၆ ခုကို ခံစားနေရတဲ့ ပြည်သူတွေကို အလိုတော်ပြည့်ဆရာတော်က ဂျာမဏီနိုင်ငံက ခွဲစိပ်ကျွမ်းကျင် တဲ့ ဆရာဝန်တွေခေါ်ယူပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စစ်တွေဆေးရုံကြီးအတွင်း ခွဲစိပ်ကုသပေးခဲ့ပါတယ်။

အင်တာဗျူး – ဦးပညာဇောတ (ကျောင်းထိုင်ဆရာတော်) အလိုတော်ပြည့်ကျောင်းတိုက် (စစ်တွေမြို့)

အခုလို နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်ကြီး၊ မီးလောင်ဒဏ်ရာ၊ ခြေဖုလက်ဖုစတဲ့ ရောဂါတွေကို ခံစားနေရတဲ့ ဝေဒနာရှင် တစ်ထောင်ကျော်ကို အလိုတော်ပြည့်ဆရာတော်အနေနဲ့ အခမဲ့ ခွဲစိပ်ကုသပေးခဲ့ပြီး အခုတစ်ကြိမ်နဲ့ ဆိုရင် ၇ ကြိမ်မြောက်လည်းဖြစ်ပါတယ်။

အင်တာဗျူး – ဒေါ်စန္ဒာဝင်း (လည်ပင်းကြီးရောဂါဝေဒနာရှင်) အပေါက်ဝကျေးရွာ (ကျောက်တော်မြို့နယ်)

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင်တွေ ဟာ လူမှုပတ်ဝန်းကျင် နဲ့ ကင်းကွာနေတာကြောင့် လူတွေနဲ့ အတူ တန်းတူနေနိုင်အောင် အခမဲ့ ခွဲစိပ်ကုသပေးနေတာဖြစ်ပြီး ဝေဒနာရှင်တွေကို အခုလို ဆေးကုသမှုပြုလုပ်နိုင်ဖို့ မြန်မာနိုင်ငံစားဖိုမှူးအသင်းကနေ ဆရာတော်ကို ကူညီပံ့ပိုးခဲ့တာဖြစ်ပါတယ်ခင်ဗျား။ (စစ်ပြီး – နေမင်းခ)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)