မသန္စြမ္းေတြအတြက္ သယ္ယူပို႔ေဆာင္ေရး က႑ေတြကို လြယ္ကူတဲ့ စနစ္နဲ႔ လုပ္ႏိုင္ဖို႔ စီစဥ္

0
808

မသန္စြမ္းအလုပ္သမားေတြအတြက္ အခက္အခဲျဖစ္ေနတဲ႔ သယ္ယူပုိ႔ေဆာင္ေရးက႑ေတြကုိ လြယ္ကူတဲ့ စနစ္နဲ႔ လုပ္ေဆာင္သြားဖုိ႔ စီစဥ္ေနပါတယ္ ။ ဒီသတင္းကုိMCN သတင္းေထာက္ သႏာၱမုိးကေပးပုိ႔ ထားပါတယ္။

အလုပ္ခြင္ကုိ ေရာက္ရွိေနၾကတဲ႔ မသန္စြမ္းအလုပ္သမားေတြနဲ႔ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္႔ အျပင္ထြက္ေနၾကတဲ႔ မသန္စြမ္းေတြအတြက္ အခက္အခဲျဖစ္ေနတဲ႔ သယ္ယူပုိ႔ေဆာင္ေရးက႑ေတြကုိ လြယ္ကူတဲ့စနစ္နဲ႔ လုပ္ေဆာင္နုိင္ဖုိ႔ စီစဥ္မႈေတြျပဳလုပ္ေနတယ္လို႔ ျမန္မာနုိင္ငံမသန္စြမ္းအသင္းခ်ဳပ္က ေျပာပါတယ္။

နုိ၀င္ဘာလ၂၃ရက္ေန႔က ရန္ကုန္ၿမိ႕ ပန္ဒါဟုိတယ္မွာ မသန္စြမ္းသူေတြနဲ႔ အစုိးရတာ၀န္ရွိသူေတြ ပုိ႔ေဆာင္ဆက္သြယ္ေရး ဆုိင္ရာကုိယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးတဲ့ အလုပ္ရုံေဆြးေႏြးပြဲျပဳလုပ္ခဲ႔တာပါ။

Soundbite ဦးညႊန္႔ေအာင္ (အလုပ္မႈေဆာင္)
ျမန္မာနုိင္ငံမသန္စြမ္းအသင္းခ်ဳပ္

မသန္စြမ္းသူေတြအားလုံးရဲ႕ ပညာေရး၊ က်န္းမားေရ၊ အသက္ေမြး၀မ္းေက်ာင္းပညာနဲ႕အလုပ္အကုိင္ေတြမွာ လူ႔အသိုင္းအ၀ိုင္းအတြင္း ပါ၀င္ေဆာင္ရြက္နုိင္ဖုိ႔ ရန္ကုန္တိုင္းေဒသႀကီး အတြင္း အမ်ားျပည္သူ သယ္ယူပုိ႔ေဆာင္ေရးစနစ္ ကေနကူညီေပးသြားမွာျဖစ္ပါတယ္ ။
ဒါအျပင္ သယ္ယူပုိ႕ေဆာင္ေရးစနစ္မွာ မသန္စြမ္းသူေတြအသုံးျပဳနုိင္ဖုိ႔ မူ၀ါဒပုိင္းေတြနဲ႔ နည္းပညာပုိင္း ေတြလုိအပ္ေနပါတယ္လုိ႕ YBSယာဥ္လုိင္းတည္ေထာင္သူကေျပာပါတယ္။

Soundbite ကုိတရုတ္ေလး ( မန္ေနးဂ်င္းဒါရုိက္တာ)
Power Eleven Co;Ltd..

လက္ရွိမွာေတာ႔ ၂၀၁၅ခုႏွစ္က မသန္စြမ္းသူအခြင္႔အေရးဥပေဒ၊နည္းဥပေဒေတြကုိ ျပဌာန္းထားၿပီး ျမန္မာနုိင္ငံ အခြင္႔ အေရးမ်ားဆုိင္ရာ အမ်ဳိးသားေကာ္မတီ၊ တုိင္းျပည္နယ္အဆင္႔ေကာ္မတီေတြ ဖြဲ႔စည္းထားေပမယ္႔ မူ၀ါေရးရာနဲ႔ စီမံကိန္းခ်မွတ္တာေတြနဲ႔ လက္ေတြ႕အေကာင္အထည္ေဖာ္ရာမွာ နည္းပညာပုိင္းနဲ႔ အရင္းအျမစ္ ေတြလုိအပ္ ေနေသးတာလည္း ျဖစ္ပါတယ္လုိ႔့ျမန္မာနုိင္ငံမသန္စြမ္း အသင္းခ်ဳပ္ကေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မသန်စွမ်းအလုပ်သမားတွေအတွက် အခက်အခဲဖြစ်နေတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို လွယ်ကူတဲ့ စနစ်နဲ့ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ် ။ ဒီသတင်းကိုMCN သတင်းထောက် သန္တာမိုးကပေးပို့ ထားပါတယ်။

အလုပ်ခွင်ကို ရောက်ရှိနေကြတဲ့ မသန်စွမ်းအလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်နေကြတဲ့ မသန်စွမ်းတွေအတွက် အခက်အခဲဖြစ်နေတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို လွယ်ကူတဲ့စနစ်နဲ့ လုပ်ဆောင်နိုင်ဖို့ စီစဉ်မှုတွေပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်က ပြောပါတယ်။

နိုဝင်ဘာလ၂၃ရက်နေ့က ရန်ကုန်မြိ့ ပန်ဒါဟိုတယ်မှာ မသန်စွမ်းသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဦးညွှန့်အောင် (အလုပ်မှုဆောင်)
မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်

မသန်စွမ်းသူတွေအားလုံးရဲ့ ပညာရေး၊ ကျန်းမားရေ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့အလုပ်အကိုင်တွေမှာ လူ့အသိုင်းအဝိုင်းအတွင်း ပါဝင်ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကနေကူညီပေးသွားမှာဖြစ်ပါတယ် ။
ဒါအပြင် သယ်ယူပို့ဆောင်ရေးစနစ်မှာ မသန်စွမ်းသူတွေအသုံးပြုနိုင်ဖို့ မူဝါဒပိုင်းတွေနဲ့ နည်းပညာပိုင်း တွေလိုအပ်နေပါတယ်လို့ YBSယာဉ်လိုင်းတည်ထောင်သူကပြောပါတယ်။

Soundbite ကိုတရုတ်လေး ( မန်နေးဂျင်းဒါရိုက်တာ)
Power Eleven Co;Ltd..

လက်ရှိမှာတော့ ၂၀၁၅ခုနှစ်က မသန်စွမ်းသူအခွင့်အရေးဥပဒေ၊နည်းဥပဒေတွေကို ပြဌာန်းထားပြီး မြန်မာနိုင်ငံ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းပြည်နယ်အဆင့်ကော်မတီတွေ ဖွဲ့စည်းထားပေမယ့် မူဝါရေးရာနဲ့ စီမံကိန်းချမှတ်တာတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ရာမှာ နည်းပညာပိုင်းနဲ့ အရင်းအမြစ် တွေလိုအပ် နေသေးတာလည်း ဖြစ်ပါတယ်လို့မြန်မာနိုင်ငံမသန်စွမ်း အသင်းချုပ်ကပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)