စားေသာက္ဆိုင္လုပ္ငန္း ႏိုင္ငံတကာအဆင့္မီေအာင္ အၿမဲဆန္းစစ္ ေလ့လာေနဖို႔ လို

0
617

စားေသာက္ဆုိင္လုပ္ငန္းေတြ ရည္ရွည္တည္တံ့ေစဖို႔ လုပ္ငန္းရွင္ေတြအေနနဲ႔ ႏိုင္ငံတကာအဆင့္မီေအာင္ အၿမဲတမ္း ေလ့လာဆန္းစစ္ေနဖို႔ လုိအပ္တယ္လုိ႔ ျမန္မာနုိင္ငံ စားေသာက္ဆုိင္ လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ က ေျပာပါတယ္။ ဒီသတင္းကုိ MCN သႏၱာမုိးက ေပးပုိ႕ထားပါတယ္။

စားေသာက္ဆုိင္လုပ္ငန္း ရည္ရွည္တည္တံ႔ေစဖို႔အတြက္ လုပ္ငန္းရွင္ေတြအေနနဲ႔ နုိင္ငံတကာက နည္းပညာေတြအျပင္ က်န္းမာေရးနဲ႔ သန္႔ရွင္းမႈေတြကို ႏိုင္ငံတကာအဆင့္မီျဖစ္ေအာင္ အၿမဲဆန္းစစ္ေလ့လာေနဖို႔ လိုအပ္တယ္လို႔ ျမန္မာနုိင္ငံ စားေသာက္ဆုိင္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌက ေျပာပါတယ္။
နို၀င္ဘာလ ၂၃ ရက္ေန႔က ရန္ကုန္ျမဳိ႕ ဆူေလရွန္ဂီလာဟုိတယ္မွာ စားေသာက္ဆုိင္လုပ္ငန္းရွင္ေတြရဲ႕ လုပ္ငန္းအေတြ႔အၾကဳံမွ်ေ၀ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite ဦးေနလင္း(ဥကၠဌ)
ျမန္မာနုိင္ငံ စားေသာက္ဆုိင္လုပ္ငန္းရွင္မ်ားအသင္း

ဒါ့အျပင္ စားေသာက္ဆုိင္လုပ္ငန္းရွင္ေတြ အခ်င္းခ်င္း ေလ႔လာသင္ယူမႈေတြနဲ႔အတူ နည္းပညာေတြကုိ အသုံးျပဳျပီး ေျပာင္းလဲဖုိ႔ လုိအပ္ေနပါတယ္လုိ Yangon Door To Door တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

Soundbite မဇန္ဇန္ (Operations)
Yangon Door To Door

ျမန္မာႏိုင္ငံ စားေသာက္ဆုိင္လုပ္ငန္းရွင္မ်ားအသင္းကုိ ၂၀၁၁ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ႔ျပီး အသင္း၀င္ေပါင္း ၇၀၀ေက်ာ္ရွိပါတယ္။ အသင္း၀င္ေတြကိုလည္း စားေသာက္ဆုိင္အခ်င္းခ်င္း ကူညီနုိင္ဖုိ႔၊ အဆင္႔အတန္းျမွင္႔မားလာေစဖုိ႔ေတြအျပင္ Food Safety သင္တန္းေတြကုိလည္း သင္းၾကားေပးေနတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စားသောက်ဆိုင်လုပ်ငန်းတွေ ရည်ရှည်တည်တံ့စေဖို့ လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာအဆင့်မီအောင် အမြဲတမ်း လေ့လာဆန်းစစ်နေဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က ပြောပါတယ်။ ဒီသတင်းကို MCN သန္တာမိုးက ပေးပို့ထားပါတယ်။

စားသောက်ဆိုင်လုပ်ငန်း ရည်ရှည်တည်တံ့စေဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက နည်းပညာတွေအပြင် ကျန်းမာရေးနဲ့ သန့်ရှင်းမှုတွေကို နိုင်ငံတကာအဆင့်မီဖြစ်အောင် အမြဲဆန်းစစ်လေ့လာနေဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌက ပြောပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ ဆူလေရှန်ဂီလာဟိုတယ်မှာ စားသောက်ဆိုင်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအတွေ့အကြုံမျှဝေ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးနေလင်း(ဥက္ကဌ)
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း

ဒါ့အပြင် စားသောက်ဆိုင်လုပ်ငန်းရှင်တွေ အချင်းချင်း လေ့လာသင်ယူမှုတွေနဲ့အတူ နည်းပညာတွေကို အသုံးပြုပြီး ပြောင်းလဲဖို့ လိုအပ်နေပါတယ်လို Yangon Door To Door တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Soundbite မဇန်ဇန် (Operations)
Yangon Door To Door

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်ပေါင်း ၇၀ဝကျော်ရှိပါတယ်။ အသင်းဝင်တွေကိုလည်း စားသောက်ဆိုင်အချင်းချင်း ကူညီနိုင်ဖို့၊ အဆင့်အတန်းမြှင့်မားလာစေဖို့တွေအပြင် Food Safety သင်တန်းတွေကိုလည်း သင်းကြားပေးနေတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)