
0
654


 




နိုဝင်ဘာလ ၂၅ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့မျာ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ ၊အမျိုးသမီးအဖွဲ့အစည်းတွေ က မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အခမ်းအနားတွေနဲ့ ၁၆ ရက်တာ လှုပ်ရှားတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

<>>>>>>>>>>>>>>>>>>>>

 

အမျိုးသမီးနဲ့ကလေးသူငယ်အပေါ် မုဒိမ်းမှုနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြင့်တက်လာ
မြန်မာနိုင်ငံမှာအမျိုးသမီးနဲ့ကလေးသူငယ်အပေါ် မုဒိမ်းမှုနဲ့တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတာဖြစ်ကြောင်းနဲ့ ရဲကိုတိုင်ကြားတဲ့အမှုပေါင်းတစ်သောင်းကျော် အထိရှိလာကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကထုတ်ပြန်ထားပါတယ် ။
အမျိုးသမီးနဲ့ကလေးသူငယ်အပေါ် မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြောင့် ၂၀၁၆ ခုနှစ် မှာရဲကို တိုင်ကြားထားတဲ့အမှု ၁၁၀ဝ မှုရှိပြီး ၂၀၁၇ ခုနှစ်မှာ ၁၄၀၅ မှု အထိ တိုးလာကြောင်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမှာ မုဒိန်းမှုတွေအတွက် တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိစေဖို့ ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေကြုံတွေ့နေရပြီး လက်ရှိတည်ဆဲဥပဒေမှာလည်း အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု ကနေအကာ အကွယ်ပေးဖို့ အားနည်းနေတာကိုတွေ့ရှိရကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကပြောပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်းဟာ ဥပဒေတစ်ရပ်အဖြစ်ပြဌာန်းဖို့ နှောင့်နှေးကြန့်ကြာမှုတွေရှိနေပြီး လက်ရှိပြင်ဆင်ထားတဲ့ မူကြမ်းမှာလည်း စုံလင်ကွဲပြားတဲ့ အမျိုးသမီးကိုအ ကြမ်းဖက်မှု တွေက အမှန်တကယ် တာဆီးကာကွယ်ပေး နိုင်မယ့်အနေအထား မှာရှိမနေသေး ကြောင်း သုံးသပ်ထားပါတယ်။
နိုဝင်ဘာလ ၂၅ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျုးိသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့မျာ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ ၊အမျုးိသမီးအဖွဲ့အစည်းတွေ က မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အခမ်းအနားတွေနဲ့ ၁၆ ရက်တာ လှုပ်ရှားတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)